အမျိုးသားစာပေတစ်သက်တာဆုတစ်ဆုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်
One News
Nov 28, 2026
၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေဆုတစ်ဆုကို ငွေကျပ် သိန်း၅၀ ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသားစာပေ တစ်သက်တာဆုကိုလည်း တစ်ယောက်ကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကနေသိရပါတယ်။
၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုအဖြစ် စာပေပညာရှင် ဆရာကြီးဦးအောင်သောင်း (အောင်နိုင်-တက္ကသိုလ်)၊ စာရေးဆရာမကြီးဒေါ်သန်းသန်း(ရွှေသဥ္စာ)နဲ့ စာရေးဆရာကြီးဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)တို့ ရွေးချယ်ခံရတာဖြစ်ပါတယ်။အမျိုးသားစာပေ တစ်သက်တာဆုအဖြစ် ရွေးချယ်ခံရသူတွေဟာ မြန်မာ့စာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့တဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်ကအသိအမှတ်ပြုတဲ့အနေနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် အမျိုးသားစာပေဆုတွေအဖြစ် ရွေးချယ်ခံရသူတွေက ဝတ္ထုတိုဆုအနေနဲ့ သီရိမြန်မာစာပေက ထုတ် ဝေပြီး မျှဝေ(ဥက္ကံ)ရေးသားတဲ့ တောင်ခြေကျေးလက်ဆောင်းမနက်မယ်လိုဒီနဲ့ အခြားဝတ္ထုတိုများစာအုပ်၊ ကဗျာ(ကန္ထဝင်)ဆုမှာ မေတ္တာရိပ်နန်းစာပေက ထုတ်ဝေပြီး မောင်လွန်းမြိုင်(ပင်လယ်ဘူး)ရေးသားတဲ့ လရိပ်တစ် ခြမ်းပန်းနှင့်လိပ်ပြာကဗျာများစာအုပ်၊ ကဗျာ(ခေတ်ပေါ်)ဆုမှာ မြဝတ်ချိုစာပေက ထုတ်ဝေပြီး ဒေါ်ဟေ (အညာမြေ)ရေးသားတဲ့ မာနကင်းမဲ့ဇုန်စာအုပ်၊ စာပေပဒေသာဆုအဖြစ် စာပေဗိမာန်ကထုတ်ဝေပြီး အန်ကယ် ပညာ ရေးသားတဲ့ မေမေ့ဆံပင်နှင့် ဘဝလက်တစ်ကမ်းမှစာတမ်းငယ်များစာအုပ်၊ ကလေးစာပေဆုအဖြစ် မေတ္တာ ရိပ်နန်းစာပေက ထုတ်ဝေပြီး လက်ပံနီရေးသားတဲ့ မောင်မောင့်လွယ်အိတ်ကလေး ကလေးကဗျာများ စာအုပ်တွေ ရွေးချယ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူငယ်စာပေဆုအဖြစ် အလင်းအိမ်မီဒီယာဂရုစာပေကထုတ်ဝေပြီး မျိုးမင်းထိုက်ရေးသားတဲ့ ကျွန်တော် နှင့်ကျွန်တော့်ညီဖိုးချစ်အပိုင်း(၄)စာအုပ်၊ ဘာသာပြန်(သုတ)ဆုအဖြစ် Myanmar Heritage Publications စာပေကထုတ်ဝေပြီး ရွှေအိုလတ်ရေးသားတဲ့ အဖေ့ဆီကအိပ်မက်များစာအုပ်၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုအဖြစ် နိုင်ငံ့ဂုဏ်ရည်စာပေကထုတ်ဝေပြီး ဒေါက်တာချိုချိုတင့်(မြန်မာစာ)ရေးသားတဲ့ မြန်မာပြောစကား စကားပန်းအိမ်စာအုပ်၊ သုတပဒေသာ(ရိုးရိုးသိပ္ပံ)ဆုအဖြစ် ဆုရောင်စဉ်စာပေက ထုတ်ဝေပြီး ဒေါက်တာမြင့်လွင် (စိတ်ပညာ) ရေးသားတဲ့ စိတ်ပညာနိဒါန်း(အပြုအမူနှင့်စိတ်ဖြစ်စဉ်များကိုသိပ္ပံနည်းကျလေ့လာခြင်းအတွဲ၁ နဲ့၂) စာအုပ်တို့ ရွေးချယ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။
သုတပဒေသာ(အသုံးချသိပ္ပံဆု)အဖြစ် စွယ်စုံစာပေကထုတ်ဝေပြီး ဒေါက်တာခင်မိုးမိုးရေးသားတဲ့ အိမ်တွင်းသမား တော်စာအုပ်၊ ပြဇာတ်စာပေဆုအဖြစ် ကောင်းဆုသာစာပေကထုတ်ဝေပြီး နေစိုးသော်ရေးသားတဲ့ မေတ္တာခြုံလုံစေ သားစာအုပ်နဲ့ နိုင်ငံရေးစာပေဆုအဖြစ် Smartစာပေက ထုတ်ဝေပြီး ဒေါက်တာခင်မောင်လွင် ရေးသားတဲ့ မြန်မာ၂၀၄၈ စာအုပ်၊ အင်္ဂလိပ်(သုတ)ဆုအဖြစ် စာပေဗိမာန်ကထုတ်ဝေပြီး Researcher Maung Han ရေးသားတဲ့ Significant Cultural Information about Pyu Ancient Cities စာအုပ်၊ အင်္ဂလိပ်(ရသ)ဆုအဖြစ် Myanmar Heritage Publications စာပေက ထုတ်ဝေပြီး Dr.Myint Zan ရေးသားတဲ့ Glimpses of Myanmar and Myanmar-related Personages 3 စာအုပ်၊ ရသာစာတမ်းဆုအဖြစ် တီတူးခါးခါးစာပေက ထုတ်ဝေပြီး အရှင်သုမင်္ဂလ(စစ်ကိုင်း)ရေးသားတဲ့ ကျုံးတစ်ပတ်မြနန္ဒာ(မန္တလေးအခြေစိုက်ရသစာစုများ) စာအုပ်တွေရွေးချယ် ခံရတယ်လို့သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ပညာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး အမျိုးသားရေး တာဝန်ဖြစ်ဟု သမ္မတကြီး ပြောကြား
One News
Nov 17, 2026 41ပညာရေး နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အစိုးရတစ်ရပ်တည်းရဲ့ တာဝန်မဟုတ်ဘဲ ဆရာ၊ ဆရာမတွေ၊ မိဘပြည်သူတွေ၊ သက်ဆိုင်ရာ ဌာနတွေ နဲ့ လူမှုအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမယ့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ပြောပါတယ်။